ဂိမ်းဆော့ရင်း ပိုက်ဆံရှာမယ်ဆိုတော့...ပုံမှန် ဂိမ်းဆော့နေသူ တစ်ယောက် အဖို့  ကိုယ်ကပဲ ပေးနေရတာ သူ့ ဆီက ပြန်ရဖို့ ဟုတ်နိုင်ပါ့မလား ဆိုတဲ့ အတွေးဝင်စရာရှိပါတယ်...
ကျွှန်တော် ရှင်းပြပါ့မယ်...ဘယ်လိုနည်းနဲ့ ပိုက်ဆံရသလည်းဆိုတာကိုပေါ့ ။ real world real time real money ဂိမ်းတွေ ထုနဲ့ ထေး ရှိတယ် ဒါပေမဲ့ ဂိမ်းတစ်ခု ပိုက်ဆံပေးတော့ မယ်ဆိုရင် မပေးခင် အရင်ဆုံး ပိုက်ဆံရင်းမှ ရနိုင်ပါတယ်..ဥပမာ ပေးရရင် အရင်တုန်းက ခေတ်စားခဲ့တဲ့ www.torn.com လိုဂိမ်းမျိုးပေါ့ ဂိမ်းအခေါ်အဝေါ်နဲ့ ဆိုရင်တော့ ကိုယ့် ဆော့ တဲ့ဂိမ်းမှာ ဂျွတ်ဖို့ ဆိုရင် item တွေ ကောင်းရမယ်..အချိန်ပေးပြီးtrain ရတယ် အဲဒါတွေ ဟာ ပိုက်ဆံမရခင် အရင်ပိုက်ဆံကုန်တဲ့ အလုပ်တွေ ပါပဲ..အခု ကျွှန်တော်ပြောတဲ့ ဂိမ်းမှာ တော့ သူအရိုးနဲ့ သူ့ ကို ပြန်ထိုးမှာပါ...
အရင်ဆုံးပြောချင်တာက တစ်နေ့ ထဲဆော့လို့ ဘယ်လိုမှ မရနိုင်ပါဘူး..ပိုက်ဆံမရတဲ့ ဂိမ်း coc တောင် ပိုက်ဆံအကုန်ခံပြီး ဆော့ နေကျသေးတာပဲဗျာ.. အခုဂိမ်းကို သေချာ ဆော့ ကြည့်ပါ ပလန်ချ..ကိုယ်ဘာလုပ်မလည်းတွေး ရင်းနဲ့ ဂိမ်းဆော့ပြီး ၀င်ငွေရှာနိုင်ကြပါစေဗျာ...
စမယ်နော်....(အစပျိုးတာနဲ့ တင်နည်းနည်းကြာသွားတယ် :P)
ဟုတ်ပြီ Game နာမည် က Proeconomia လို့ ခေါ်တယ်
real time virtual world ဂိမ်းပါ..ဂိမ်းထဲမှာကိုယ့် အရည်အသွေးတွေ ကို တိုးတက်အောင် လုပ်ပြီး
အလုပ်တွေ လုပ်ရင်းပိုက်ဆံတွေ ရှာ company တွေ ထောင်ပြီး ချမ်းသာအောင် လုပ်တဲ့ဂိမ်းပါ
ဂိမ်းရဲ့ အဓိက မိန်းကတော့ gold ပါ
Gold ဘယ်လိုရအောင် လုပ်မလည်းဆိုတာကိုတော့ နောက်ပြီးရင်ရှုင်းပြပါ့မယ်
ပထမ ဆုံးက 1Euro ကနေ 40 Gold အပြန်အလှန် ပါပဲ ကျန်တဲ့ rate တွေ လည်း ပုံမှာမြင်ရတဲ့
အတိုင်းပါပဲ
ပုံထဲက အတိုင်းမလိုချင်ဘူးလား ...လွယ်လွယ်လေးပါ
USD ရအောင်ရှာ ရှာပြီးရင် Gold ကိုချိန်း နောက်ပြီး Gold ကနေ Euro ပြန်ထုတ်ပေါ့
Euro နဲ့ ပြန်ထုတ်ဖို့ အတွက်ဆို Paypal အကောင့် လိုပါလိမ့်မယ်..
ကဲစမယ် ဖုန်းသမားတွေ အတွက် ၀င်ရလွယ်အောင် apk လေး လုပ်ပေးထားတယ်...
အောက်မှာ ဒေါင်းယူပါ
အတိုင်းပါပဲ
ပုံထဲက အတိုင်းမလိုချင်ဘူးလား ...လွယ်လွယ်လေးပါ
USD ရအောင်ရှာ ရှာပြီးရင် Gold ကိုချိန်း နောက်ပြီး Gold ကနေ Euro ပြန်ထုတ်ပေါ့
Euro နဲ့ ပြန်ထုတ်ဖို့ အတွက်ဆို Paypal အကောင့် လိုပါလိမ့်မယ်..
ကဲစမယ် ဖုန်းသမားတွေ အတွက် ၀င်ရလွယ်အောင် apk လေး လုပ်ပေးထားတယ်...
အောက်မှာ ဒေါင်းယူပါ
ကဲ ဂိမ်းက ပိုက်ဆံဘယ်လိုရလည်း သိပြီဆိုတော့ register လုပ်ရအောင်
ဖုန်းသမားတွေ က apk ကိုဝင်ပါ..
ကွန်ပျူတာ သမားတွေ က ဒီလင့် ကနေ၀င်ပါ
အောက်ကပုံအတိုင်း game website ကို ရောက်ပါလိမ့်မယ်
ကဲမိမိ game profile ရောက်ပြီဆိုရင်တော့ သွားလို့ ရမဲ့ နေရာတွေ ကတော့ အများကြီးပါပဲ တစ်ခုခြင်းဆီ လိုက်ရှင်းပြပေးပါ့မယ်...အောက်ကပုံကိုကြည့်ပါ
ပုံမှာ တွေ့ ရတဲ့ အတိုင်း 1 နေရာကတော့ အလုပ်တွေ လုပ်ရမဲ့ နေရာပါ
2 နေရာကတော့ ဈေးဝယ်လို့ ရမဲ့နေရာပါ (ဥပမာ မိမိအိမ်ဆောက်ဖို့ အတွက် stone (ကျောက်တုံး) board (ပျဉ်ပြား) ၊ မိမိ ကိုယ်မိမိ ၀တ်ဖို့ အ၀တ်က စ အကုန်ဝယ်လို့ ရမဲ့နေရာပါ အပေါ်မှာ ကျွှန်တော်ပြောခဲ့သလို ပဲ မိမိ မှာမဲ့ ပစ္စည်းက ကိုယ်နေတဲ့ နေရာမှာ မရှိဘူးဆိုရင်တော့ ပိုက်ဆံပိုကုန်ပါလိမ့်မယ်)
3 နေရာကတော့ မြို့ ပါ
4 ကတော့ကိုယ့်နေတဲ့ မြို့ တိုးတက်ဖို့ အတွက် အလှူ ခံတဲ့နေရာ ပါ နောက်ပိုင်း skill တွေ များလာတော့ မှ ပြောပြပေးပါ့မယ် အခုတော့ ခန ချန်ခဲ့မယ်နော် (ဘာမှ မဟုတ်ရေးရမှာ ညောင်းလို့ ဗျို့ )
5.Technology အပေါ်က နံပါတ်လေး အတိုင်းပါပဲ ခင်ဗျာ..မတူတာက နည်းပညာပိုင်းပါ
6.ကတော့ ကျွန်တော်ရော ဂိမ်းဆော့ တဲ့သူတွေ ရော စိတ်ဝင်စားတဲ့နေရာပါ
ကိုယ်ဆော့ လို့ ရလာတဲ့ USD ဒေါ်လာ ပေါ့ USD ကနေ GOLD ကို ချိန်းမယ် GOLD ကနေ EURO ချိန်းမယ် စသဖြင့် exchange လုပ်လို့ ရမဲ့ နေရာပါပဲ..
7. နေရာကတော့ ၀င်ငွေ များများ ရအောင် လုပ်ပေးမဲ့ နေရာပါပဲ
ဘယ်လိုလုပ်ပေးမှာလည်း ဆိုတော့ မိမိမှာ 40 GOLD ရှိလာပြီ ဆိုရင် Share 1000 exchange လုပ်လို့ ရမဲ့ နေရာပါ share ရှိလာပြီဆိုရင်တော့ နေစဉ်ဝင်ငွေ usd ကော Gold ရော productivity ရော efficiency ရော ရလာမှာ ပါ ..နောက်အပိုင်းတွေ မှာ ဘယ်လိုတိုးလာမလည်း ဆိုတာ table နဲ့ ပြပေးထားပါတယ်...
အနီအ၀ိုင်းကလေး နဲ့ ပြထားတဲ့ နေရာကတော့ ကျွှန်တော်တို့ ရဲ့ Energy သို့ မဟုတ် အသက် ပါပဲ အလုပ်လုပ်ရင် အဲဒီကောင် လျှော့မယ်ပေါ့နော်.....လျှော့ တာကတော့ သတ်မှတ်ချက်မရှိပါဘူး အလုပ်အပေါ်မူတည်မှာ ပါ 2 % ရော့တဲ့အလုပ်ကိုလုပ်ရင် 2% လျှော့ မယ် 6% ဆိုရင် 6% လျှော့မယ်ပေါ့နော်..
အပေါ်က ပုံကတော့ profile ပုံ ပါပဲ အဲဒီမှာ မိမိနေတဲ့ အိမ်ကို အဆင့်မြှင့်ခိုင်းပါတယ် အဲလို အဆင်မြှင့်ပေးလိုက်ရင် Experience တက်လာမှာပါ Experience ဘားကတော့ အသက်ဘားရဲ့ တစ်ခုကျော်မှာပါ...
ပုံမှာ ဆိုရင်တော့ ကျွှန်တော် အိမ်က Level 1 ပြီးသွားပါပြီ Level 2 ဆောက်ဖို့ ရန်အတွက် လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ရအုန်းမှာပါ..လိုအပ်တဲ့ပစ္စည်းတွေ ကို အနီရောင် ကွင်းဝိုင်းပေးထားတယ်
board က 2 ပြား ၊ ကျောက်တုံးက 40 လိုအပ်ပါတယ် အဲဒါတွေ ၀ယ်ပြီးသွားရင်တော့ ကျွှန်တော့် အိမ် Level 2 ဖြစ်သွားပါပြီ.. ခုမှ စ ကစားတဲ့သူတွေ လည်းအဲဒီအတိုင်းပါပဲ Level 1 မှာကတော့ board 1 ပြား၊ကျောက်တုံးအတုံး 20 လိုမှာပါ...အဲဒီပစ္စည်းတွေ အားလုံးရှိမဲ့နေရာကတော့ Market ထဲ မှာပါခင်ဗျာ...
အရင်ဆုံး အကြံပေးလိုတာက အိမ်ကို ဘာမှ မလုပ်ပါနဲ့ နောက်ပိုင်းပိုက်ဆံများလာရင်ကြိုက်သလိုလုပ်ပါ
အရင်ဆုံး usd 4000 ရအောင်စုပါ...4000 ရပြီဆိုရင် GOLD 50 နဲ့ ချိန်း Gold ရလာပြီဆိုရင် နံပါတ် ၇ နေရာက Shareholder နေရာမှာ 1000 share = 40 Gold နဲ့ ချိန်းလိုက်ရင် ရှယ်ယာ ၁၀၀၀ ရပြီဆိုရင်တော့ နေ့ စဉ်ဘာမှမလုပ်ပဲ ၀င်ငွေတိုးလာမှာပါ...ဟုတ်ပြီး USD ဘယ်လိုရှာမလည်း ဆက်သွားရအောင် အောက်ကပုံအတိုင်း တူနဲ့ ဂွ နေရာကို တစ်ချက်ဝင်လိုက်ပါ..
အောက်ကတွေ့ ရတဲ့ပုံအတိုင်းနေရာကို ရောက်ပါလိမ့်မယ်
အလုပ်တစ်ခုနဲ့ တစ်ခု အသက်ရောတာ မတူသလို အချိန် ငွေပေးမှု့ နှုန်းလည်း မတူတာကို နံပါတ်7 ကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်.. 5 ကတော့ အလုပ်အကုန်ပြီးသွားရင်ရမဲ့ prices တွေပါ..အလုပ်အကုန်လို့ ဘာဖြစ်လို့ ပြောရလည်းဆိုရင် နံပါတ်6 ကိုကြည့်ပါ အလုပ် 100ရှိပါတယ် အလုပ် တစ်ခုကို 3.25$ နဲ့ အလုပ်တစ်ရာ ဆိုတော့ 325 ရမှာပေါ့ အဲဒီအလုပ်တစ်ခုကို 1 Experience ရပါတယ် 100 ဆိုတော့ 100 Experience ရပြီး သင် level 2 ရောက်ပြီပေါ့ လွယ်သလား
ကျွှန်တော်ပြထားတဲ့ နံပါတ်တစ် အလုပ်ကတော့ ငါးမိနစ်စာ အလုပ်ပါ အလုပ်လုပ်ပြီးသွားရင် အောက်ကပုံအတိုင်း usd ပေးပါလိမ့်မယ်...
အပေါ်ကပုံအတိုင်း ၅မိနစ် စာ အလုပ်ကို လုပ်ရင် ရမဲ့ usd နဲ့ experience ပါ..အောက်မှာ ရွေးချယ်စရာ အလုပ်တွေ အများကြီးရှိပါသေးတယ်...ကဲ မိတ်ဆွေ တို့ ရဲ့  အချိန်နဲ့ အိုင်ဒီယာ ပေါ်မူတည်ပြီး ငွေရတာကွာသွားပါလိမ့်မယ်.......အင်တာနက် ပေါ်မှာ ဂိမ်းကစားပြီး ၀င်ငွေရှာနိုင်ကြပါစေဗျာ...နောက်ပိုင်းဆက်ရန်ရှိပါသေးတယ်...ခင်ဗျာ... ကိုဆက်(satpaing.np@gmail.com)
အခု ပြောပြခဲ့တာတွေ ကို PDF နဲ့ ဒေါင်းချင်တယ် ဆိုရင်တော့ ဒီမှာ ယူပါ ။။။
click here for more hair extensions,costume wigs,hair pieces for women,wigs for women,cheap wigs human hair,hair extensions,wigs for women,hair toppers,hair extensions Discover More Here
ReplyDelete